မိတ်ဆွေသည် အလွန်အံ့သြဖွယ်ကောင်းသောအတွေ့အကြုံ ကိုရရှိခဲ့သည်။ ဘုရားသခင်သည် သူတို့၏ဆုတောင်းသံကိုနားညောင်းအဖြေပေးခဲ့ ပြီးနောက် ဘုရားသခင်အတွက် သူတို့အသက်တာဆက်ကပ်ခဲ့ကြောင်း ဝန်ခံသော လူအမြောက်အများကို ကျွန်တော်ကြားခဲ့ဖူးသည်။ သို့သော် ဤအံ့သြဖွယ်ကောင်း သောအတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြောင်း သက်သေပြသ သောအတွေ့အကြံဖြစ်သလားဟု ကျွန်တော်မေးပါရစေ။
အမှန်တကယ်တော့ ယနေ့ မြောက်များစွာသော ခရစ်ယာန်များသည် အထက်တွင်ဖော်ပြထားသောမေးခွန်းကို "ဟုတ်တယ်" ဟုဖြေဆိုကြပါလိမ့်မာည်။ အနောက်နိုင်ငံရှိခရစ်ယာန်ဘာသာသည် ချမ်းသြွာကယ်ဝခြင်းဆိုင်ရာတွင် တိုး တက်မှုလျော့နည်းလာသောအခါ ပင်တေဂုတ္တေ-ခရစ်မားသစ်လှုပ်ရှားမှုပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများ သို့မဟုတ် မတိုးတက်သေးသောနိုင်ငံများတွင် ထိုလှုပ်ရှားမှုအားဖြင့် ခရစ်ယာန်ဘာသာ သည် အလွန်အမင်းရှင်သန်လျက်ရှိသည်။
၄င်း၏အကျိုးကွင်းဆက်မှာ မြောက်များစွာသောခရစ်ယာန်များသည် သဘာဝတရားထက်လွန်ကဲသော အတွေ့အကြုံများ အပေါ်စိတ်စွဲလမ်းခြင်းဖြစ် သော ပင်တေဂုတ္တေ-ခရစ်မားတစ်လှုပ်ရှားမှုအောက်တွင် ပြိုလဲကုန်ကြသည်။ နှိုးထမှု အစည်းအဝေးဦးဆောင်သူများသည် ဧဝံဂေလိ နှိုးထမှုဆရာများအဖြစ် ကမ္ဘာနေရာအနှံအပြားသို့ကျော်စောခဲ့ကြသည်။ ထိုပြင် သူတို့သည် သူတို့၏အ တွေ့အကြုံများအားဖြင့် သူတို့၏ယုံကြည်ခြင်းများကိုကိုသက်သေခံကြသောအခါ သူတို့ နောက်သို့လိုက်သောသူများသည် သူတို့နည်းတူ အတွေ့အကြံပေါ်အခြေ ခံသောယုံကြည်ခြင်းရရှိရန်လိုက်လံရှာဖွေခဲ့ကြသည်။
သို့သော် သမ္မာကျမ်းသာ အထက်တွင် ဖော်ပြထားသောမေးခွန်းကို "မဟုတ်ဘူး"ဟု ပြောထားသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သဘာဝတရား ထက်သာလွန်သောအတွေ့အကြုံများကိုပြုနိုင်ရန် ကျွန်ုပ်တို့အပေါ် အစွမ်းအစများ စွာပေးနိုင်ပါသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရား၏ဝိ ညာဉ်တော်ဖြစ်သောကြောင့်(ယောဟန် ၁၅:၂၆) ကျွန်ုပ်တို့သည် သမ္မာတရား စကား အားဖြင့်သာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိနိုင်ပါသည်။
ရှင်ပေတရုသည်ပင်တေဂုတ္တေနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ကိုရ ရှိခဲ့ သည်။ သူက "သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌၄င်း၊ အစိုးရသောအရှင်အရာ၌၄င်း၊ ခန့်ထား တော်မူသည်" (တမန် ၂:၃၆-၃၇) သတင်းကောင်းအားရဲဝံ့စွာဟောပြောခဲ့သည်။ သူက "သင်တို့အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တစ်ယောက်မျှမြွကင်း ယေရှု ခရစ်၏ နာမ၌ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော ဆုကျေးဇူးတော်ကိုခံရကြလိမ့်မည်။ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၄င်း၊ သင်တို့၏သားသမီးတို့နှင့်၄င်း၊ ဝေးသောသူတို့တွင်ငါတို့၏ဘုရား သခင် ထာဝရဘုရားခေါ်သမျှသော သူတို့နှင့်၄င်း၊ ဆိုင်သည်" (တမန် ၂:၃၈-၃၉) ဟု ဟောပြောခဲ့သည်။
တနည်းအားဖြင့်၊ ဘုရားသခင်သည် သခင်ယေရှုခရစ်တော်၏ သတင်း ကေင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်လွတ်ခြင်းခံသော ဖြောင့်မတ်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ပေးအပ်လိမ့်မည်ဟု ရှင်းလင်းစွာ ဖော်ပြထားပါသည်။ လူတစ်ဦး၏နှလုံးသားတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်း သက်သေသည် သမ္မာတရား၏စကားပင်ဖြစ်သည်။
မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ် လွတ်ခြင်းရရှိခဲ့သလား။ ရရှိခဲ့လျှင် မိတ်ဆွေအထဲတွင်သန့်ရှင်းသောဝိညာဉ် တော် ကိန်းဝပ်ခြင်းရရှိသည်ဟု သေချာသည်။
မိတ်ဆွေသည် အလွန်အံ့သြဖွယ်ကောင်းသောအတွေ့အကြုံများမည် မျှပင် တွေ့ကြုံစေကာမူ၊ အံ့သြဖွယ်နိမိတ်လက္ခဏာများကိုမည်မျှပင်ပြသနိုင်စေ ကာမူ မိတ်ဆွေနှလုံးသားထဲတွင်အပြစ်ရှိသေးလျှင် မိတ်ဆွေသည် သန့်ရှင်း သောဝိညာဉ်တော်ကို ဘယ်တော့မှရရှိနိုင်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းအ ကြောင်းမှာ မိတ်ဆွေသည် သမ္မာတရားပေါ်တွင် အခြေခံသော အပြစ်လွတ် မြောက်ခြင်းသက်သေမရှိသောကြောင့်ဖြစ်သည်။ အလင်း၌အမှောင်မတွေ့နိုင်သ ကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း အပြစ်သားတစ်ဦး၌မကိန်းဝပ်နိုင် ပေ။
ထိုကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်လုံးဝဥဿုံ လွတ်မြောက်ခြင်းရရှိသောသူများအပေါ် စစ်မှန်သော သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းဖြစ်ပေါ်လာနိုင်ပါသည်။ လူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိစေသောသမ္မာတရားကိုကြားသိရန် ဘုရားသခင်အလိုတော်ရှိသည်။ ယခု မိတ်ဆွေသည်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ပါသည်။
ဤမေးခွန်းများအပ အခြားသောမေးခွန်းများစွာကိုလည်းကျွန်တော်ရရှိခဲ့ သည်။ မိတ်ဆွေသည်ထိုမေးခွန်းများ၏အဖြေများကို သခင်ယေရှုသည် ယောဟန် ထံမှခံရသောဗတ္တိဇံနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသော အသွေး တော်ကိုယုံကြည်ခြင်းအားဖြင့် တွေ့ရှိနိုင်ပါသည်။ ယခု ဘုရားသခင်သည် နောက် ဆုံးသောကာလတွင် သွန်းလောင်းမည်ဟုကတိပြုခဲ့သော သန့်ရှင်းသောဝိ ညာဉ် တော်ကို သခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့် လူတိုင်းက ရရနိုင်ပါသည်။ ဘု ရားသခင်အပေါ်ကျွန်ုပ်တို့ကျေးဇူးတင်လျက်ရှိသည်။ ဟာလေလုယ။
ဤစာအုပ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ပြည့်စုံစွာ တင်ပြထားပါသည်။ ဤစာအုပ်က မိတ်ဆွေ၏မေးခွန်းများကိုပြန်ကြပေးမည်ဖြစ် ပါသည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပို၍သိရှိလိုပါက စာရေးဆရာကခရစ်ယာန်စာပေစီးရီး ပထမနှစ်အုပ်ကို ကျေးဇူးပြု၍လေ့လာ ကြည့်ပါ။
မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွါးခြင်းအမှန်ခံ ခဲ့ပြီး ပြီလော။ Hephzibah 1999။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ပြန်လှည့်ခြင်း။ Seoul: Hephzibah, 1999.
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန်နှင့် သခင် ယေရှုခရစ်တော်ကြွလာခြင်းကိုစောင့်မျှော်ရန် ဘုရားသခင်အလိုတော်ရှိသည်။ မိတ်ဆွေသည် စာရေးသူနှင့်အတူ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည် လျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိကာ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေနိုင် မည်ဖြစ်သည်။