ကိုဗစ်-၁၉ကပ်ရောဂါနှင့်အပြည်ပြည်ဆိုင်ရာစာပို့လုပ်ငန်းဝန်ဆောင်မှုများပျက်ပြားခြင်းကြောင့်ကျွန်ုပ်တို့၏ 'အခမဲ့ပုံနှိပ်စာအုပ်ဝန်ဆောင်မှု' ကိုယာယီရပ်ဆိုင်းလိုက်သည်။
သိက္ခာတော်ရဆရာ ပေါလ်စီ၊ဂျောင်းသည် သင်းအုပ်ဆရာတစ်ဦးအဖြစ် အပြစ်များဖြေလွှတ်ခြင်းရရှိရန် အဖြေ ကိုအချိန်ကြာမြှင့်စွာ ကြိုးစားရှာဖွေခဲ့ပါသည်။ ထိုသို့ရှာဖွေရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်တွင်ဖော်ပြ ထားသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ကြွလာတော်မူသောသခင်ယေရှု၏ဖြောင့်မတ်ခြင်းကို တွေ့ရှိခဲ့ပါသည်။ ဤရှာဖွေတွေ့ရှိခြင်းသည် သူ့အား ယခုလက်ရှိသာသာလုပ်ငန်းကို ဦးဆောင်စေသည်။ ယခု ချိန်အထိ သိက္ခာတော်ရဆရာ ပေါလ်စီ၊ဂျောင်းသည် The New Life Mission ၏သာသနာလုပ်ငန်းအတွက် ဘဝ တစ်ခုလုံးဆက်ကပ်၍ The New Life Mission ၌ မိမိလုပ်ဖော်ဆောင်ဖက်များတွင့်အတူ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကို ဟောပြောလျက် တစ်ကမ္ဘာလုံးသို့ စစ်မှန်သောသတင်းကောင်းကိုဝေငှနေပါသည်။ သူရေးသား သောစာအုပ်များကို ဘာသာစကားပေါင်း ၈၀ ကျော်ဖြင့်ဘာသာပြန်ဆိုကာထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ယခုတွင် နိုင်ငံပေါင်း ၁၅၀နိုင်ငံတွင် ရယူဖတ်ရှုနိုင်ပါသည်။ များစွာသောစာဖတ်သူများက ဘုရားသခင်ထံတော်မ အပြစ် လွှတ်ခြင်းအခွင့်နှင့်သန့် ရှင်းသောဝိညာဥ်တော်ကို လက်ခံရရှိကြသည်။ ဤစာအုပ်များအတွက် ကျေးဇူးတင်၍ မဆုံးနိုင်ပေ။ ဤစာအုပ်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်ပေါ်တွင် အခြေပြုထားပါသည်။ သိက္ခာ တော်ရဆရာဂျောင်းသည် မိမိလုပ်ဆောင်ဖက်များနှင့်အတူ ဤကောင်းသောလုပ်ဆောင်ချက်များအတွက် ဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ ဘုန်းတော်ထင်ရှားစေကြသည်။ ဟာလေလုယ။
Domain Owner: The New Life Mission (Official Website: bjnewlife.org) | License: The New Life Mission operates this site to distribute free Christian books.
Copyright © 2021 by The New Life Mission
ကျွန်ုပ်တို့၏စစ်တမ်းတွင်ပါဝင်ပါ